အလယ်ဘန်းရွာ၊ ထီးလင်းမြို့နယ်
အလယ်ဘန်းရွာ သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ အလယ်ဘန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၂၇၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အလယ်ဘန်းကျေးရွာအုပ်စုတွင် ကျား ၂၁၇ ဦး၊ မ ၂၅၉ ဦး၊ လူဦးရေ စုစုပေါင်း ၄၇၆ ဦးနေထိုင်သည်။ ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက် နံနက် (၂) နာရီခန့်တွင် အလယ်ဘန်းရွာကို စစ်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် သက်ကြီးရွယ်အို အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၁ ဦးနှင့် ကျောင်းသူ ၂ ဦး စုစုပေါင်း ၄ ဦးသေဆုံးကာ ပြည်သူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နေအိမ် ၄ လုံး မီးလောင်ပြာကျပြီး နေအိမ် ၁၂ လုံး အလုံးစုံ ပျက်စီးကာ နေအိမ် ၄၀ ဝန်းကျင်မှာ အမိုးများ လန်ကာ ပျက်စီးသွားသည်။
Read article